International News

ဟောင်ကောင်ဒေသ၏ လိုငွေဖြစ်ပေါ်နေခြင်းကြောင့် သီးသန့်အရန်ငွေသားထားရန်သတိပေးလှုံ့ဆော်လျက်ရှိခြင်း

Last Updated:

တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုအရှိန်မြင့်တက်လာခြင်း၊ COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဟောင်ကောင်ဒေသ၏ လိုငွေအမြင့်မားဆုံးဖြစ် ပေါ်လျက်ရှိခြင်းတို့ကြောင့် သီးသန့်အရန်ငွေသားများထားရှိရန် လိုအပ်ကြောင်း ဟောင်ကောင် ဒေသ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း၊ COVID-19 ဆက်လက်ဖြစ်ပွားနေမှုကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးလုပ်ဆောင်မှုများကို မကြုံစဖူး ထိခိုက်နိုင်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာလိုငွေ ဟောင်ကောင်ဒေါ်လာ (၁၃၉) ဘီလီယံခန့် ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ကြောင်း၊ ဒေသတွင်း COVID-19  ဖြစ်ပွားမှုကြောင့် သက်သာခွင့်အစီအစဉ် (၂) ခုပံ့ပိုးပေး ခဲ့ရာတွင် ဟောင်ကောင်ဒေါ်လာ (၂၉၀) ဘီလီယံ ၊ ရာခိုင်နှုန်းအားဖြင့် ဂျီဒီပီ၏ (၁၀) ရာခိုင်နှုန်း ဘဏ္ဍာရေးလိုငွေဖြစ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း အရန်ငွေ ဟောင်ကောင် ဒေါ်လာ (၁.၁) ထရီလီယံ မှ ဟောင်ကောင်‌‌ ဒေါ်လာ (၈၀၀) ဘီလီယံ သုံးစွဲခဲ့ခြင်း မှာ ဒေသအစိုးရ၏ အစိုးရ အသုံးစရိတ် (၁၃) လအတွက်နှင့် ညီမျှကြောင်း၊ အစိုးရအသုံးစရိတ်မှာ မတည်ငြိမ်နိုင်သည်ကို တွေ့ရှိရနိုင်ကြောင်း၊ ဆောင်းရာသီတွင် COVID-19 ပြန်လည် ဖြစ်ပွားလာနိုင် သောကြောင့် အရန်ငွေပိုမိုထားရှိရမည်ဖြစ်ကြောင်း၊ ငွေကြေးကဏ္ဍတည်ငြိမ်အောင် ထိန်းသိမ်းနိုင်နှင့် လုံလောက်သော အရန်ငွေ ထားရှိနိုင်ရန်မှာ ပေကျင်းနှင့် ဝါရှင်တန်အကြား ကုန်သွယ်ရေးတင်းမာမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ် ကြောင်း၊  ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ထိခိုက်လျက်ရှိသော ကုန်ထုတ်လုပ်ငန်းများနှင့် တစ်ဦးချင်းလုပ်ငန်းရှင်များကို ပံ့ပိုးနိုင်ရန် ထပ်မံ၍ ငွေကြေးပံ့ပိုးပေးသည့် သက်သာခွင့် အစီအစဉ်သစ်တစ်ခု ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စီမံကိန်း (၇၃) ခုအတွက် ဟောင်ကောင် ဒေါ်လာ (၇၅) ဘီလီယံ ပံ့ပိုးရန် ဩဂုတ်လလယ် အတွင်း အတည်ပြုခဲ့ကြောင်း၊ အဆိုပါအစီအစဉ်တွင် ပါဝင်သည့် အလုပ်အကိုင် ပံ့ပိုးမှု အစီအစဉ် အောက်တွင် ပထမအဆင့်ပံ့ပိုးမှုအနေဖြင့်ဟောင်ကောင်‌ ဒေါ်လာ (၄၄) ဘီလီယံ ပံ့ပိုးပေးခဲ့ရာ အလုပ်သမား (၁.၉) မီလီယံကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ လုပ်ခလစာ ပံ့ပိုးမှုအစီအစဉ် (၂) ခုအတွက် ဒေသအစိုးရမှ ဟောင်ကောင်ဒေါ်လာ (၈၁.၄) ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း၊ ဟောင်ကောင် ဒေသ၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်၊ ဒုတိယလေး လပတ်အတွင်း (၉) ရာခိုင်နှုန်း ကျဆင်းခဲ့ရာ၊ ယခုနှစ်အတွင်း (၈) ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု ခန့်မှန်းခဲ့ကြောင်း၊ အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလမှ ဇူလိုင်လအတွင်း (၆.၁) ရာခိုင်နှုန်းရှိကြောင်း၊ ထပ်မံပံ့ပိုးမည့် ငွေကြေး သက်သာခွင့်ပံ့ပိုးမှု အစီအစဉ်များတွင် ဘဏ္ဍာငွေကန့်သတ်မှုအရ ပံ့ပိုးမှုလျော့နည်းသွားနိုင်ကြောင်း၊ COVID-19 အကြပ်အတည်း ဆက်လက် ဖြစ်ပွားနေလျှင် ငွေသားပံ့ပိုးမှုများ လျှော့ချနိုင်အောင် စီမံခန့်ခွဲရန် ကြိုးပမ်းလျက်ရှိကြောင်း၊  ယခုနှစ်အတွင်း ပညာရေး၊ လူမှု ဖူလုံရေး နှင့် ကျန်းမာရေးဝန်ဆောင်မှုအတွက် အသုံးစရိတ်များ မြင့်တက်လျှက်ရှိရာ အစိုးရ၏အသုံးစရိတ် (၁၃) လအတွက်နှင့် ကိုက်ညီလျှက်ရှိကြောင်း၊ ဟောင်ကောင်ဒေသအတွက် COVID-19ကြောင့် အပိုဝန်ထုပ်ဝန်ပိုးဖြစ်စေကာ အရန်ငွေများလျင်မြန်စွာသုံးစွဲစေခြင်းနှင့် ဟောင်ကောင် ဒေါ်လာ ငွေလဲလှယ်မှုစနစ်အား နိုင်ငံတကာ အသိုက်အဝန်းမှ ယုံကြည်မှု ဆုံးရှုံးစေကာ အဆိုးရွားဆုံးသော ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နိုင်ရ ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Natalie Wong က “ Record Deficit Spurs Warnings To Reserve Cash” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

Category: International News